Alas Roban (2026)

Alas Roban

Genres: Drama · Mystery · Horror

Alas Roban (2026) IMDb Rating (6.0) ဒီတစ်ခါတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလထဲမှာ ရုံတင်ထားတဲ့ အင်ဒိုနီးရှား သရဲကားအသစ်လေး Alas Roban တင်ပေးထားပါတယ်။ အင်ဒိုနီးရှား သရဲကားတွေကတော့ သိတဲ့အတိုင်းပဲ သူတို့ရဲ့ ရိုးရာယုံကြည်မှုတွေ၊ ပယောဂတွေနဲ့ဆိုတော့ တော်တော်လေး ကြည့်လို့ကောင်းတယ်။ ဒီကားကလည်း အင်ဒိုနီးရှား ဂျာဗားကျွန်းအလယ်ပိုင်းက နာမည်ကြီး သရဲခြောက်တဲ့ တောလမ်းကြီးဖြစ်တဲ့ Alas Roban ကို အခြေခံပြီး ရိုက်ထားတာပါ။ ဇာတ်လမ်းအကျဉ်း ဆီတာ ဆိုတဲ့ မိခင်တစ်ယောက်နဲ့ သမီးလေး ဂျန်ဒစ် တို့ သားအမိနှစ်ယောက် Alas Roban လမ်းမကြီးပေါ်မှာ ကားပျက်ပြီး သောင်တင်သွားရာကနေ ဇာတ်လမ်းစထားတယ်။ အဲဒီလို သောင်တင်နေရင်း ညဘက်ကြီးမှာ ထိတ်လန့်စရာကောင်းတဲ့ ခြောက်လှန့်မှုတွေ အများကြီးနဲ့ ကြုံလာရတာပေါ့။နောက်ပိုင်းကျမှ ဘာသွားသိရလဲဆိုတော့ သမီးလေးဟာ အရင်က မေ့လျော့နေခဲ့တဲ့ ရိုးရာပူဇော်ပသမှု ကတိတစ်ခုကြောင့် ဒေဝီရာရက်စ် ဆိုတဲ့ နာမ်လောကသားတစ်ယောက်ရဲ့ ပစ်မှတ်ထားတာကို ခံနေရတာ ဖြစ်နေတယ်။ ဒါနဲ့ပဲ သမီးလေးကို ကယ်ဖို့အတွက် ဆီတာ တစ်ယောက် သူ့ရဲ့ ဝမ်းကွဲညီမ တီကာ၊ Alas Roban တောလမ်းရဲ့ အကြောင်းတွေကို ကောင်းကောင်းသိတဲ့ လူနာတင်ယာဉ်မောင်း အန်တို နဲ့ လောကီပညာရှင် အန်တီကြီး ဘူအီမာ တို့နဲ့ ပူးပေါင်းပြီး အဲဒီတောကြီးထဲကို ပြန်သွားရပါတော့တယ်။ သမီးလေးကို ကယ်ဖို့ သတ်မှတ်ထားတဲ့ ညမတိုင်ခင် နောက်ဆုံးပူဇော်ပသမှုကို လုပ်နိုင်ပါ့မလားဆိုတာ ရင်တမမနဲ့ ဆက်ကြည့်ရမယ့် ကားလေးပါ။ Alas Roban တောလမ်းကြီးရဲ့ ကျောချမ်းစရာ တကယ့်ဖြစ်ရပ်မှန်များ ကိုလိုနီခေတ်က သွေးစွန်းခဲ့တဲ့ လမ်းမကြီး: Alas Roban လမ်းမကြီးကို နယ်သာလန် (ဒတ်ချ်) ကိုလိုနီခေတ်က ဖောက်လုပ်ခဲ့တာပါ။ အဲဒီအချိန်က ဒေသခံ အင်ဒိုနီးရှားလူမျိုးတွေကို အတင်းအကျပ် လုပ်အားပေးခိုင်းစေခဲ့တယ်။ အလုပ်ကြမ်းဒဏ်၊ ငတ်မွတ်မှုနဲ့ ရောဂါဘယတွေ…

You May Also Like