About a Place in the Kinki Region (2025)

About a Place in the Kinki Region

Genres: Mystery · Horror

About a Place in the Kinki Region (2025) ************************************* သရဲကား၊ သည်းထိတ်ရင်ဖိုကားထဲမှာမှ Found Footage ကားတွေကို ခုံမင်တဲ့ ပရိသတ်တွေအတွက် ဂျပန်ဘက်က အသစ်ထွက်လာတဲ့ အကြီးစား Item ကြီးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားက ရိုးရိုးသရဲခြောက်တာထက် စိတ်ကို တဖြည်းဖြည်း ခြောက်ခြားလာအောင် လုပ်တဲ့ Psychological Horror အမျိုးအစားဖြစ်တဲ့အပြင် သွေးထွက်သံယိုတွေ Slasher ဆန်ဆန်တွေ တော်တော်လေးပါတာဖြစ်လို့ အသည်းငယ်သူတွေ၊ ကြောက်တတ်သူတွေ လုံးဝ (လုံးဝ) မကြည့်သင့်ပါဘူး။ ညဘက်တစ်ယောက်တည်းကြည့်ရင် အိမ်သာတောင် ထမသွားရဲဖြစ်မဲ့ ထမင်းစားပျက်စေမဲ့ ကားမျိုးပါ။ ဒီကားက ဂျပန်မှာ Viral ဖြစ်ခဲ့တဲ့ နာမည်ကြီး Web Novel ကို ပြန်ရိုက်ထားတာပါ။ ဒါရိုက်တာကလည်း J-Horror ဖန်တွေကြားမှာ ဆရာတစ်ဆူလို့ သတ်မှတ်ခံထားရတဲ့ Noroi: The Curse တို့ Occult တို့ရဲ့ ဖန်တီးရှင်Koji Shiraishi ဆိုတော့ ကွာလတီပိုင်းကတော့ ပြောစရာမလိုပါဘူး။ သဘာဝလွန်ဖြစ်ရပ်တွေကို စုံစမ်းထောက်လှမ်းတဲ့ Occult မဂ္ဂဇင်းတစ်ခုက အယ်ဒီတာတစ်ယောက် ရှယ်ဆောင်းပါးတစ်ပုဒ်ထုတ်ဝေမယ်လို့ အကြီးအကျယ်ကြေညာပြီး စာမူကြမ်းမအပ်ခင်မှာ ရုတ်တရက် ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ မဂ္ဂဇင်းတိုက်က သူ့သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်နဲ့ စာရေးဆရာက သူ့ရဲ့ စပယ်ရှယ်ဆောင်းပါးဆိုတာကြီးကို လိုက်စုံစမ်းရင်းနဲ့ အယ်ဒီတာ ပျောက်မသွားခင် စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကို တွေ့လာရတာပေါ့။ ကြည့်လိုက်ရင် တစ်ခုနဲ့တစ်ခု မဆိုင်သလိုပဲ... တောင်ပေါ်မှာ ပျောက်သွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်း၊ ကျောင်းသားတွေကြားက ထူးဆန်းတဲ့ အစုလိုက်အပြုံလိုက် စိတ်ဖောက်ပြန်မှု၊ အင်တာနက်ပေါ်က သရဲဗီဒီယိုတစ်ခု...။ ဒါပေမဲ့ သေချာဆက်စပ်ကြည့်လိုက်တဲ့အခါ ဒီအဖြစ်အပျက်အားလုံးက "ကင်းခိ ဒေသက နေရာတစ်ခု" ကိုပဲ ဦးတည်နေတယ်ဆိုတာ သိလ…

You May Also Like