A Star Is Born (2018)

A Star Is Born

Genres: Drama · Romance · Music

❝ ငါဘယ်တော့မှ ထပ်မချစ်တော့ဘူး ❞ (𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞 𝐈𝐧𝐬𝐢𝐠𝐡𝐭𝐬 | 𝐀 𝐒𝐭𝐚𝐫 𝐈𝐬 𝐁𝐨𝐫𝐧) ▬▬▬▬ ( အောက်ပါရုပ်ရှင်ဆောင်းပါးဟာဆိုရင် Dionola ရဲ့စာဖတ်သူတစ်ယောက်ဖြစ်တဲ့ Moe Kaung ကနေကိုယ်တိုင်ခံစားရေးဖွဲ့ပြီး ပေးပို့လာတဲ့စာမူဖြစ်ပါတယ် ။ Dionola က စာလုံးပေါင်းသတ်ပုံမှလွဲ မည်သည့်အရာကိုမှ ပြင်ဆင်ဖြတ်တောက်ထားခြင်းမရှိပါ ။ ) ▬▬▬▬ အနုပညာသမားတစ်ယောက်သည်.. နေရာ ဒေသ ရယ် .. လူပုဂ္ဂိုလ်ရယ် မရွေးဘူး .. သူ့အနုပညာ ကို သူဖန်တီးချင်တဲ့ အချိန်မှာ ဖန်တီးမယ် .. လမ်းဘေး ဖြစ်နေပါစေ .. သူစီးမျောချင်တဲ့ နေရာ မှာ စီးမျောမယ် .. အနုပညာသမား တကယ်စစ်လာရင် သူတို့ ရဲ့ စိတ်ခံစားချက် က တမျိုး .. သာမန် လူတွေ အတွက် ထူးဆန်းရင် ထူးဆန်းနေလိမ့်မယ် .. အဓိက ပြောချင်တာက အနုပညာသမားစစ် စစ်တွေ ရဲ့ ထူးခြားတဲ့ စိတ်နေစိတ်ထားကို ပြောပြချင်တာ .. " A star is born “ ဇာတ်လမ်းလေး စ လိုက်ရအောင် .. " ဂျက်ဆင်မိန်း " က လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အဆိုတော် ဂစ်တာသမား .. Live show မှာ သီချင်းဆိုတာ .. ဂစ်တာ တီးပြတာ အရမ်းမိုက်တယ် .. ခက်တာက သူက ဆေးပြားလည်းချတယ် .. အရက်လည်းသောက်တယ် .. တစ်ည သူ့ရဲ့ Show ပွဲကနေ ဒရိုင်ဘာ နဲ့ အပြန် ကားထဲမှာ အရက်သောက်ရင်း နဲ့ ကုန်သွားတယ် .. အရက်ဆိုင် လိုက်ရှာရင်း လမ်းကြို လမ်းကြားတစ်ခုမှာ ဖွင့်ထားတဲ့ မထင်မရှား ဘားတစ်ခုကို တွေ့တယ် .. " ဂျက်ဆင်မိန်း " က ကျန်တာတွေ မစဉ်းစားဘူး .. " ဘားရှိရင် အရက် ရှိမယ် .. " ဒါပဲတွေးနေတာ .. ဖြစ်ချင်တော့ ဒီဘားက " မိန်းမလျာ"တွေရဲ့ ဘား .. ဘားထဲ ကို ဝင်မယ်လို့ လုပ်တော့ ဝန်ထမ်းက သူ့ကို တွေ့သွားပြီး ပြောတယ် .. " ဟာ !! ခင်ဗျား နာမည်ကြီး အဆိုတော် ဂျက်ဆင်မိန်း မဟုတ်လား .. ဒီနေရာ ခင်ဗျားနေရာ မဟုတ်ဘူး .. ဘဒို .." ဂျက်ဆင်မိန်းက " အရက်ရှိတယ် မဟုတ်လား .. ဒါဆို ငါ့နေရာပဲ .." ဒီဘဲကလည်း အဲဒီလ…

You May Also Like