A Private Life (Aka) Vie privée (2025)

A Private Life (2025) ဒီတစ်ခါတော့ ပြင်သစ်ဒါရိုက်တာ Rebecca Zlotowski ရိုက်ကူးထားပြီး အော်စကာဆုရှင် မင်းသမီးကြီး Jodie Foster ပါဝင်ထားတဲ့ A Private Life (မူရင်းနာမည် - Vie privée) ဆိုတဲ့ ပြင်သစ် စုံထောက်-ဟာသ သည်းထိတ်ရင်ဖို ကားသစ်လေ တင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ ပဲရစ်မြို့မှာနေတဲ့ အမေရိကန် စိတ်ရောဂါကုဆရာဝန်မကြီး လီလီယန် (Lilian) ဟာ သူ့ဆီမှာ နှစ်ရှည်လများ ဆေးကုသနေတဲ့ လူနာ ပေါ်လာ (Paula) ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် -တ်သေသွားတယ်ဆိုတဲ့ သတင်းကြားလိုက်ရတာကနေ စထားတယ်။ လီလီယန်က ဒါဟာ -တ်သေတာမဟုတ်ဘဲ သေချာပေါက် လူ-တ်မှုပဲဆိုပြီး သံသယဝင်သွားတယ်။ အဲဒီတော့ ဆရာဝန်မကြီးကနေ စုံထောက်အဖြစ် အသွင်ပြောင်းပြီး သူ့ရဲ့ ခင်ပွန်းဟောင်း ဂါဘရီရယ် (Daniel Auteuil) ကိုပါ အဖော်စပ်လို့ သူတို့ကိုယ်တိုင် တရားခံကို လိုက်ရှာကြပါတော့တယ်။ လူ-တ်သမားက ပေါ်လာရဲ့ ခင်ပွန်းလား၊ သမီးဖြစ်သူလား ဆိုတာတွေကို လီလီယန်တို့ ဇနီးမောင်နှံဟောင်းနှစ်ယောက် တလွဲတချော်တွေနဲ့ ဘယ်လို လိုက်စုံစမ်းကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။ ဒီကားမှာ အမိုက်ဆုံးကတော့ မင်းသမီးကြီး Jodie Foster ကို တကယ့်အထာကျကျ ပြင်သစ်စကားပြောစတိုင်နဲ့ မြင်တွေ့ရမှာပဲဗျ။ သာမန် စုံထောက်ကားတွေလို အလေးအနက်ကြီး အသည်းအသန် လိုက်ရှာနေတာမျိုး မဟုတ်ဘဲ၊ လီလီယန်နဲ့ သူ့ခင်ပွန်းဟောင်းတို့ရဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောထားတဲ့ စုံထောက်အလွဲလေးတွေက တော်တော်လေး ဆွဲဆောင်မှုရှိတယ်။ ဒါ့အပြင် အတိတ်ဘဝက ဒုတိယကမ္ဘာစစ်အတွင်းက ဂျူး-ပြင်သစ် အဖြစ်အပျက်တွေကိုပါ အိပ်မက်တွေကနေတစ်ဆင့် ရောယှက်ပြသသွားတာမို့ ထူးခြားတဲ့ စိတ်ပညာပိုင်းဆိုင်ရာ ဇာတ်ကွက်လေးတွေပါ ပါသေးတယ်။ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်ခံစားချက်တွေကို Art House ဆန်ဆန် အနုပညာမြောက် ရိုက်ချက်တွေနဲ့ ရိုက်ပြထားတာကလည်း တကယ့်ကို သဘောကျစရာပါပဲ…